ညောင်ဦး မတ် ၂
တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် တွက်ခြေကိုက်နေသော မန္တလေးတိုင်းဒေ သကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများ ပြောင်းဖူး စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူးစိုက်တောင်သူ ဦးမင်းညိုက ပြောကြားသည်။
အဆိုပါ ပြောင်းဖူးစိုက်ပျိုးကြသည့် ကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံကားလမ်းမ ကြီးလမ်းဘေးဝဲယာ (ဧရာဝတီတံတား-ပခုက္ကူ) တောင်ဘက်ခြမ်းတွင် တည်ရှိကာ လယ်ယာ၊ ကိုင်း ကျွန်း၊ ဥယျာဉ်ခြံမြေ လုပ်စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်း လုပ်ငန်းအား တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြကြောင်းသိရသည်။ ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ် လေးကြိမ်အထိ စိုက်ပျိုးကြကြောင်း သကြားပြောင်းဖူး၊ အစီး(အစေး) ပြောင်းဖူးနှစ်မျိုး အဓိကထား စိုက်ပျိုးကြကာ ကြက်တမော့ (ဒေသအခေါ်) ပြောင်းဖူးလည်း ရံဖန်ရံခါ စိုက်ပျိုးကြပြီး၊ အချို့ ပြောင်းဖူးစိုက်တောင်သူများ လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် စိုက်ပျိုးခြင်း၊ တောင်သူအများစု မြေအောက်ရေ တူးဖော်စိုက်ပျိုး ကြကြောင်းသိရသည်။ ထွက်ရှိလာသည့် ပြောင်းဖူးများအား ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံမြို့များမှ ပြောင်းဖူးပွဲစားများ ပြောင်းဖူးအခင်းများအထိ လာရောက်ဝယ်ယူကြကြောင်းသိရပြီး တစ်ခေါက်ဝယ်လျှင် ပြောင်းဖူးနှစ်သောင်းမှ သုံးသောင်းထိ ဝယ်ယူလေ့ရှိကာ လာရောက်ဝယ်ယူသည့်ကား တစ်စီးအပြည့် ဝယ်ယူလေ့ရှိကြောင်း ပြောင်းဖူးပွဲ စား ဦးဝင်တင်က ရှင်းပြသည်။
မိုးရာသီပြောင်းဖူးစိုက်ပျိုးလျှင် ရက်ပေါင်း (၉၀)မ ှသာ ပြောင်းဖူးရရှိပြီး နွေရာသီတွင် ရက်ပေါင်း (၇၅) ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်း သိရကာ တစ်နှစ်လျှင် ပြောင်းဖူးလေးကြိမ်ထိ စိုက်ပျိုးကြ ကြောင်း ပေါ်သမျှ၊ ထွက်သမျှ ပြောင်းဖူးများ ရောင်းချရခြင်းကြောင့် ဒေသခံတောင်သူများအနေဖြင့် ပြောင်းဖူးပြီးပြောင်းဖူး စိုက်ပျိုးနေကြကာ ပြောင်းဖူးတစ်ဖူး ဈေးနှုန်း တစ်ရာ့သုံးဆယ်ကျပ်ဖြင့် ရောင်းချနေရပြီး ဆယ်ဖူးဈေး၊ ရာဖူးဈေးတစ်မျိုးခြင်း လက်လီလက်ကားရောင်းချခြင်းဖြင့် ပြောင်းဖူး စိုက်ပျိုးရောင်းချသူများ ဝင်ငွေကောင်း တွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက် တောင်သူများထံက သိရသည်။
ကိုထိန်၊KPD