မလှိုင် မတ် ၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂၂ ခုနှစ် မတ်လ(၃၁)ရက်တွင် ကျင်းပမည့် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား/သူ(၁၄၂၃) ဦးဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မလှိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန အဖြစ် ဧရာဝတီ(အ.ထ.က-မလှိုင်)၊ အ.ထ.က(မြို့သစ်)၊ အ.ထ.က(ဆည်တို)၊ အ.ထ.က မုံပင် ၊ အ.ထ.က(ပန်းအိုင်) နှင့် အ.ထ.က.(နှောကန်) ဟူ၍ စာစစ်ဌာန(၆)ခု ဖွင့်လှစ်ထားရှိမည်ဖြစ်သည်။ ယခင်နှစ်များက စာစစ်ဌာန(၈)ခု ထားရှိခဲ့သော် လည်း ယခုနှစ်တွင် ကျောင်းသားဦးရေ အရ စာစစ်ဌာန(၆)ခုသာ ထားရှိမည်ဖြစ်သည်။
မလှိုင်မြို့နယ်အနေဖြင့် ကျောင်းတွင်းမှ ဝင်ရောက်ဖြေဆိုသူ (၁ဝ၂ဝ) ဦး၊ ပြင်ပမှ ဝင်ရောက်ဖြေဆိုသူ (၄ဝ၃)ဦး၊ စုစုပေါင်း(၁၄၂၃) ဦးဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)