သတင်းများ

ကျောက်တံခါးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ(၁၅၆၇) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၅၆၇) ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
သုံးစွဲသူနည်းလာသဖြင့်မြို့သစ်မြို့ရှိပန်းပဲဖိုလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်နေ
Mar 03,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ မြန်မာ့ရိုးရာ လက်မှု့ပညာတစ်ခုဖြစ်သည့် ပန်းပဲလုပ်ငန်းမှာ အသုံးပြုသုံးစွဲသူ နည်းပါးလာသဖြင့် ပန်းပဲလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်နေကြောင်း မြို့သစ်မြို့ရှိ ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ များထံက သိရသည်။
နတ်မောက်မြို့ ဂွေးကုန်းကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်
Mar 03,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင်ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
မုံ့ညင်းထုပ် ယခင်နှစ်များထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိ
Mar 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်း ဒေါင်းမြူး ချောင်းနံဘေးရှိ ကျေးရွာများမှ တောင်သူများသည် မုံ့ညင်းထုပ်ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်များထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
Mar 03,2022
စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် အသံမစဲ မဟာပဌာန်းရွက်ဖတ် ပူဇော်ပွဲ ဖွင့်ပြွအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီးရင်ပြင်တော်ပေါ်ရှိ အောင်မြေဗောဓိဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့မြို့ မစည်ပင်သာယာစျေး အသစ်ပြန်လည်တည်ဆောက်ပြီးစီးမှု အခြေအနေအား မကွေးတိုင်းဒေသကြီး အစိုရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 03,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့မစည်ပင်သာယာစျေးအသစ်ပြန်လည် တည်ဆောက်ပြီးစီးမှုအခြေအနေအား မကွေးတိုင်းဒေသကြီးအစိုရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များက ယမန်နေ့နေ့လယ်(၁၂) နာရီအချိန်ခန့်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ကသာမြို့၌ “တောင်သူလယ်သမားနေ့”အထိမ်းအမှတ် မျိုးစေ့ပြပွဲတွင် မြို့နယ်အတွင်း အဓိကစိုက်ပျိုးသောစပါး၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံမျိုးစေ့များ ပြသထား
Mar 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၏ဦးဆောင်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကွဲမှုဖြင့် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပင်းမလွတ်ကျေးရွာသစ် ဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်း၍ မတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက “တောင်သူလယ်သမားနေ့”အထိမ်းအမှတ် မျိုးစေ့ပြပွဲကို ကျင်းပပြုလုပ်ရာ အဆိုပါမျိုးစေ့ပြပွဲတွင် ကသာမြို့နယ်အတွင်း အဓိက စိုက်ပျိုးသော စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစေ့ များကို ပြသထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ချောင်းသာ၌ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Mar 03,2022
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေတွင် စျေးသည်များ စနစ်တကျရောင်းချမှုရှိစေရန်နှင့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်မှု ရှိစေရေးအတွက်မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍  ယနေ့နံနက် ၁၁ နာရီတွင် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး  အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။