ညောင်ဦး မတ် ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် ကံကျဲကျေးရွာ၊ ကျခုတ်တဲတိုက်သို့ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် ကံကျဲကျေးရွာအတွက် သောက်သုံးရေ ဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် ကံကျဲကျေးရွာအတွက် ၁၆၀၀ ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၉၅၄၀၀ ညောင်ဦးမြို့နယ် သောက်သုံး ရေလိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD