သတင်းများ

မုံရွာမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တော ဦးစီးဌာနက ပျိုးပင်ပေါင်း (၁၂၆၈၆၀) ပျိုးထောင်ထား
Mar 03,2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် သစ်တောဦးစီးဌာနရုံး နန္ဒဝန်ပျိုးဥယျာဥ်(၁)၊(၂)(၃)တွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း(၁၂၆၈၆၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်းနှင့် လာမည့် မေလ နောက်ဆုံးပတ်တွင် မြို့နယ်အတွင်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ထားရှိကြောင်းသိရသည်။
မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များအား အသိပညာ ပေးစစ်ဆေး
Mar 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မြို့ပေါ်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များအား အသိပညာပေး စစ်ဆေး ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ ငှားရမ်းပေး
Mar 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ကျိုက်မရောမြို့နယ်တွင် လူစည်ကားရာ နေရာများ၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး
Mar 03,2022
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိူးဗီဇပြောင်း အိုမီခရွန်ကြိုတင် ကာကွယ်ရေးနှင့် ရောဂါကူးစက်မှုနှုန်း လျော့ချရေးတို့အတွက် မြို့နယ်မြေစာရင်း ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်းမရှိသည့် သူများအား နှာခေါင်းစည်း mask တပ်ဆင်ရေး အသိပညာပေး၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်ကာ မြို့အဝင်စက်လမ်းဝ၌ စုပေါင်းဆောင်ရွက်ခဲ့သည်။
ကျိုင်းတောင်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Mar 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က ကျိုင်းတောင်းမြို့ အမှတ်(၁)ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေး
Mar 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် (Omicron) ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီးသော ဌာနဆိုင်ရာဝန်ထမ်းများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာကလေးရပ် ဦးအောင်မြတ်ကျော် ဘုရားဝန်း ပြည်လုံးချမ်းသာခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
တာမွေမြို့နယ်တွင် ပါးစပ်/နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Mar 03,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စျေးများနှင့် ကုန်စည်ပွဲရုံများ ဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင် များနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/နှာခေါင်းစည်း (Mask) များနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေးအတွက် ပါးစပ်/နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ဝက်လက်မြို့၌ အသက် ၁၈ နှစ်အထက် ဒေသခံ ပြည်သူ ၃၂၅၂၇ ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး
Mar 03,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်အထက် ဒေသခံ ပြည်သူများကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီ အချိန်မှ စတင် ၍ ဝင်းလက်ရွှေရည် ဇာတ်ရုံ အတွင်း ထိုးနှံပေးရာတွင် ယနေ့အထိ ၃၂၅၂၇ ဦးထိုးနှံပြီးကြောင်း သိရသည်။