သတင်းများ

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပင်းတယမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း လူထု အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 03,2022
ယခုအခါ ပူပြင်းခြောက်သွေ့သော‌ နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးတို့အတွက် မြို့ပေါ်ရှိရပ်ကွက်များအတွင်းလှည့်လည်၍ မီးသတိပေး၊ နိူးဆော်ခြင်းများအား ညနေ (၆) နာရီမှ ည (၉) နာရီ အချိန်အထိ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
လဲချားမြို့နယ်တွင် ဌာနဆိုင်ရာရုံးများအရောက် ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေး
Mar 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့​သည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေး
Mar 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် (Omicron) ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံ ထားပြီးသော ဌာနဆိုင်ရာဝန်ထမ်းများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
ကရင်ပြည်နယ် ပိုင်ကျုံမြို့ ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Mar 03,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍
လိပ်သိုဒေသထွက် ယာဒိုငရုပ်သီးခြောက် ဈေးနှုန်းမြင့်တက်လာသော်လည်း သိုလှောင်ရန် ဝယ်ယူ၍မရနိုင်
Mar 03,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် ဒေသအခေါ် ယာဒိုသောက်ရေခပ်ငရုပ်သီး၊ ပဒေါင်သီး မျိုးများကို ဒေသခံတောင်သူအချို့က အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းလျက်ရှိသည်။
နမ္မတူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံ
Mar 03,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နမ္မတူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ်၊ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါန ဆွမ်းလောင်းအသင်း၏ ၄၇၈၇ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Mar 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏(၄၇၈၇) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး (Mask Campaign)များဆောင်ရွက်
Mar 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ (Mask Campaign) ဆောင်ရွက်ခြင်းကို မြို့ဝင်ဂိတ်၊ လူစည်ကားရာ လမ်းဆုံများ၊ မြို့မစျေးနှင့် စားသောက်ဆိုင်များအား ယနေ့ နံနက် ၈ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။