သတင်းများ

တံတားဦးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး
Mar 03,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်း လုပ်ငန်းကို ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Mar 03,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေး စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် အညီ စနစ်တကျ သွားလာတတ်စေရန် ရည်ရွယ်၍ အမှတ်(၄)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့များက ဌာနဆိုင်ရာများ၊ နယ်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး မတ် ၃ရက်၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့တွင်း လေးတိုင်စင်လမ်းဆုံနေရာတွင် စုရပ်ပြုလုပ်၍ စက်တပ် ယာဉ်များ စီးနင်းသွားလာသော ဒေသခံပြည်သူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိ ပညာပေးလုပ်ငန်းများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ပါးစပ်နှင့် နှာခေါင်းစည်း Mask Campaign အခမဲ့ဖြန့် ဝေခြင်းများပြုလုပ် ဆောင်ရွက်
Mar 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ​ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်နှံမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ လမ်းမကြီးများနှင့် လမ်းဆုံများ၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask Campaign အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ဆက်လက်ထိုးနှံ
Mar 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား မတ်လ(၃) ရက်နေ့၊ နံနက်(၉)နာရီအချိန်မှစ၍ ကသာမြို့တော်ခန်းမတွင် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုး ရေရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု
Mar 03,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀နာရီခွဲ အချိန်က ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင် စီမံကိန်းဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ပိုင်ကျုံမြို့တွင် Covid Shield ထိုးနှံရန် ကျန်ရှိနေသေးသော ပြည်သူများအား ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံ ပေးမည်
Mar 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု ကို လျော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။
တွံ​တေးမြို့နယ်မြို့မစျေး၌ မီးဘေးကြိုတင်ကာကွယ်ရေး ​လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Mar 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ယခုချိန်ခါသည် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်း များအား မြို့နယ် မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီက စည်ပင်သာယာ မြို့မဈေးတွင် လက်တွေ့သရုပ်ပြအသိပညာပေးခြင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်အား သဒ္ဓမ္မပါလပညာဒါန ပရဟိတဖောင်ဒေးရှင်းမှ နေ့လည်စာများ ပေးပို့လှူဒါန်းလျက်ရှိ
Mar 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊  ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ သဒ္ဓမ္မပါလ ဇောတိကာရုံကျောင်းတိုက်တွင် တည်ထောင်ဖွင့်လှစ်ထားသည့် သဒ္ဓမ္မပါလ ပညာဒါန ပရဟိတဖောင်ဒေးရှင်းမှ ဘိုကလေးမြို့နယ်၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ အတည်ပြုလူနာများ ထားရှိသည့် Positive Center သို့ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ယနေ့အချိန်ထိ ကိုဗစ်လူနာများအတွက် အာဟာရဒါနအဖြစ် နေ့လည်စာ ထမင်း၊ ဟင်းများ နေ့စဉ်ချက်ပြုတ် ပေးပို့လှူဒါန်းလျက်ရှိသည်။