သတင်းများ

အိမ်မဲမြို့နယ်တွင် ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Mar 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာမှ ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မတ်လ  ၃ ရက် မွန်းလွဲ ၂ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်စာတိုက်ရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Mar 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကြိုတင် ကာကွယ် နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.လ.က(၁)ကျောင်း မြမာလာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအတွက် စားသောက်ကုန်များ စျေးနှုန်းသက်သာစွာ လာရောက် ရောင်းချ
Mar 03,2022
ပြည်သူများစျေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗဟိုလမ်း၊ မုဒိတာအိမ်ရာ(၁)တွင် ယမန်နေ့ နံနက် (၇) နာရီအချိန်မှ စတင်ကာ မြို့နယ် စည်ပင်သာယာရေးဌာနဝန်ထမ်းများက စျေးကားများဖြင့် စားသောက်ကုန်များ လာရောက်ရောင်းချပေးလျက် ရှိသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Mar 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပင်လောင်းမြို့နယ်အဝင်၌ မော်တော်ယာဉ်မောင်းများနှင့် မြို့နယ်ဝင်ထွက်သွားလာသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများလိုက်နာမှုရှိ မရှိစစ်ဆေး
Mar 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အဝင်၌ မော်တော်ယာဉ်မောင်း များနှင့် မြို့နယ်ဝင်ထွက်သွားလားသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းလိုက်နာမှု ရှိ မရှိ စတင်စစ်ဆေးလျက်ရှိသည်။
ရေတာရှည်မြို့နယ် မြို့အဝင်ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ပြီးစီး​ကြောင်းကဒ်နှင့် မျက်နှာနှင့်နှာ​ခေါင်းစည်း(mask) တပ်ဆင်သွားလာမှုအား စစ်ဆေးဆောင်ရွက်
Mar 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့အဝင်ကိုဗစ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်​ရေးအတွက် ယနေ့နံနက်ပိုင်းက စတင်၍ မျက်နှာနှင့်နှာ​ခေါင်းစည်း(mask) တပ်ဆင် သွားလာ​မှုမရှိသူများအား ဒဏ်​ငွေ ၅၀၀ ကျပ် ရိုက်၍ ချက်ချင်း တပ်ဆင်​စေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး​ကြောင်းကဒ်အား စစ်​ဆေး၍ ကာကွယ်​ဆေး မထိုးနှံရ​သေးပါက ကာကွယ်​ဆေးထိုးရန် အသိပညာ​ပေးခြင်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပရဟိတအဖွဲ့များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသူများအား Sputnik Light ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး
Mar 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင် ကြီးကြပ် မှုဖြင့် လူမှုကူညီရေးအသင်းများမှ ပရဟိတလုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရ သေးသည့် အသက်၁၈နှစ်အထက်မှ အသက်၅၀နှစ်အထက် ပြည်သူများအား Sputnik Light ကိုဗစ်-၁၉ထပ်ဆောင်း ကာကွယ်ဆေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပြည်မြို့လူထုအခြေပြုဗဟိုဌာန Community Centre ၌ မြို့နယ်စာပေ ချစ်မြတ်နိုး သူများအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်
Mar 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။