သတင်းများ

(၄၀)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာ‌မေးစာပြန်ပွဲတော် လင်းခေးမြို့နယ်တွင် ကျင်းပပြုလုပ်
Mar 03,2022
(၄၀)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာ‌မေးစာပြန်ပွဲတော်ကို ယမန်နေ့ နံနက်၉နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့ ပရိယတ္တိစာသင် တိုက်သုံးထပ်ကျောင်းဆောင်၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် ဆောက်ရွက်ပေးလျက်ရှိ
Mar 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများအရောက် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 03,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးခွဲအသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
Mar 03,2022
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ပြင်ဦးလွင်ခရိုင်) ရုံး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား BOOSTER DOSE ထပ်ဆောင်း ကာကွယ်ဆေး ဒုတိယနေ့အဖြစ်ထိုးနှံပေး
Mar 03,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ပထမအကြိမ်နှင့်ဒုတိယအကြိမ်(COVID SHIELD)နှစ်ကြိမ်ထိုးပြီး၍ (၆)လပြည့်ပြီးသူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးBOOSTER DOSE ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမဆောင်တွင် ကျန်းမာရေးဆရာ/မ များက ထိုးနှံပေးလျက်ရှိသည်။
ကော့ကရိတ်မြို့၌ ယခုနှစ်တွင် ငွေနှင်းမှိုများ ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် ငွေနှင်းမှို စိုက်ပျိုးသည့် တောင်သူများအနေဖြင့် အဆင်ပြေ
Mar 03,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌  ယခုနှစ်တွင် ငွေနှင်းမှိုများ ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် ငွေနှင်းမှိုစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း အမှတ် (၂) ရပ်ကွက်၊ မြို့တော်ဦးရပ်နေ တစ်ပိုင်တစ်နိုင် ငွေနှင်းမှိုစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။
ကြံခင်းမြို့နယ် သောကြာဒူးအုပ်စု အကောက်တောင်ဘုရားတွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်း (၂/၂၀၂၂) ဆင်းပွဲအခမ်းအနားကျင်းပ
Mar 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် သောကြာဒူးအုပ်စု ကရင်စုကျေးရွာ အကောက်တောင်ဘုရားတန်ဆောင်းတွင် ယမန်နေ့ (၄)နာရီအချိန်က အခြေခံရှေးဦးသူနာပြုစု ခြင်း သင်တန်း(၂/၂၀၂၂)ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် စတုတ္ထအကြိမ်မြောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Mar 03,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၊ စစ်ဘေးရှောင်စခန်းများတွင် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု လဝမ်ကထောင်ကျေးရွာရှိ ဩောက်အိဒ်ခန်းမဆောင်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။