ဟင်္သာတမြို့နယ်တွင် ပါးစပ်နှင့် နှာခေါင်းစည်း Mask Campaign အခမဲ့ဖြန့် ဝေခြင်းများပြုလုပ် ဆောင်ရွက်

ဟင်္သာတ မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ​ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်နှံမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ လမ်းမကြီးများနှင့် လမ်းဆုံများ၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask Campaign အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ပါးစပ်နှင့် နှာခေါင်းစည်း Mask Campaign အခမဲ့ဖြန့်ဝေ ခြင်းများ ပြုလုပ်ဆောင်ရွက်ရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာစည်းမျဉ်း စည်းကမ်းများနှင့် အညီ မြို့နယ်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများ၊  ခရီးသွားပြည်သူများကို မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာစေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မပါရှိသော လမ်းသွားလမ်းလာနှင့် ခရီးသွားပြည်သူများအား ပါးစပ်နှာခေါင်းစည်း (Mask) ခုရေ (၅၀၀)ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဇော် -ဟင်္သာတ