ကသာ မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား မတ်လ(၃) ရက်နေ့၊ နံနက်(၉)နာရီအချိန်မှစ၍ ကသာမြို့တော်ခန်းမတွင် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကသာမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား မတ်လ(၂)ရက်နေ့မှစတင်၍ ထပ်ဆောင်း ကာကွယ်ဆေး(Booster Dose)ကို စတင် ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး မတ်လ(၂)ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်း ပေါင်း(၃၇၀)ဦးကို ကာကွယ်ဆေးထိုးနှံပြီးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ရေးလုပ်ငန်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများ ခွဲကာ အုပ်စုအလိုက် ဆောင်ရွက်လျက်ရှိသည်။