သတင်းများ

စဉ့်ကိုင်မြို့နယ် ပညာဓိကာရုံ စာသင်တိုက်အတွင်း (၁၅) ကြိမ်မြောက် ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲ ဆက်လက် ကျင်းပ
Mar 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာရှိ ပညာဓိကာရုံ ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၁၅) ကြိမ်မြောက်
ချောင်းဆုံမြို့နယ်ဆယ်ပလာကျေးရွာတွင် သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက် အဝန်းဖြစ်ပေါ်စေရေး ပညာပေးနှင့် ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်
Mar 03,2022
မွန်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၃)ရွာရှိ ဆင်းရဲ နွမ်းပါးပြီး သဘာဝဘေးကျ ရောက်လာပါက ကြံ့ခိုင်မှုမရှိသောနေအိမ်အချို့အား သဘာဝဘေးဒဏ်ခံနိုင်သောရပ်ရွာ အသိုက်အဝန်း ဖြစ်ပေါ် လာစေရေးပညာပေးခြင်းနှင့်ပြုပြင်ရေးလုပ်ငန်းများကို မတ် လ(၁)ရက် နေ့ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မတ်လ(၃) ရက်နေ့ နံနက်ပိုင်းကဆယ်ပလာ ကျေးရွာရှိ ဆင်းရဲးနွမ်းပါးသည့် အိမ်ခြေ(၅၀)အား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သထုံမြို့နယ်တွင် ပြည်သူများအား ဆဋ္ဌမသုတ်(ဒုတိယအကြိမ်)နှင့် သတ္တမသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 03,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများအား ဆဋ္ဌမသုတ်(ဒုတိယအကြိမ်)နှင့် သတ္တမသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVID SHIELD) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့၊ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမစုရပ်၌ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် မြို့နယ်ကော်မရှင်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 03,2022
နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော ဦးတည်ချက်ငါးရပ်တွင် ပါဝင်သည့် မဲစာရင်းများ စစ်ဆေးခြင်းလုပ်ငန်း အောင်မြင် ပြီးမြောက်ပြီဖြစ်သဖြင့် အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိသော လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် မြို့နယ်လူဦးရေ စာရင်းများ မှန်ကန်မှု ရှိစေရေးအတွက် မြို့နယ်ကော်မရှင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အမြန် ပြီးမြောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ချောင်းသာမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်
Mar 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်နှံမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က ကံကြီးကျေးရွာအုပ်စုတွင် ပါးစပ်နှင့်နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် မြို့‌ပေါ်ရပ်ကွက် ဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိ
Mar 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် အသက် ၁၈ နှစ်အထက် ဒေသခံပြည် သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက် (၆)ခုရှိ ရပ်ကွက်ဆေးထိုးစုရပ်များ၌ အလှည့်ကျ ကာကွယ်ဆေးထိုးနှံပေးခြင်း အစီအစဉ်ကို သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ၊
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး(၈/၂၀၂၂) တက်ရောက်
Mar 03,2022
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၈/၂၀၂၂)ကို ယနေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး Booster Dose ထိုးနှံပေး
Mar 03,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး(၆)လနှင့် အထက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ယနေ့နံနက်ပိုင်းက ကိုဗစ်ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။