တွံ​တေးမြို့နယ်မြို့မစျေး၌ မီးဘေးကြိုတင်ကာကွယ်ရေး ​လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း၊ အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

တွံတေး မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ယခုချိန်ခါသည် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်း များအား မြို့နယ် မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၁၀နာရီက  စည်ပင်သာယာ မြို့မဈေးတွင်  လက်တွေ့သရုပ်ပြအသိပညာပေးခြင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်သန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးငြှိမ်းသတ်သည့်နည်းလမ်းများ စနစ်တကျ ရှိစေရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြသခဲ့ပြီး ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကို ဆောင်ရွက်ထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့ပြီးစျေးသူ/ စျေးသားများ၊ စျေးကော်မတီ အဖွဲ့ဝင်များ၊ စျေးတာဝန်ခံများအား မီးလောင်းပါက မီးသတ်ဆေးဘူးဖြင့်လက်တွေ့ အသုံးပြု နည်းအား သရုပ်ပြသခြင်းနှင့် မီးသတ်ရေပိုက်ဖြင့် ရေပတ်နည်းများအား လက်တွေ့သင်ကြားပေးခြင်း ဈေးအတွင်း၌ထားရှိသည့် မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ကြစေရန် ဈေးတာဝန်ခံများအား မှာကြားကာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များကဈေးအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ မီးသတ်ရေကန်များထားရှိမှု စျေးပတ်လည်တွင် မီးငြှိမ်းသတ်ရန် ရေပိုက်ငုတ်များထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး တွံတေးမြို့ပေါ်ရပ်ကွက်များရှိ မီးသတ်ရေကန်များ၊ ရေထုတ်ယူနိုင်သည့် မြေအောက်ရေ ငုတ်များကောင်း၊ မကောင်း လက်တွေ့ရေထုတ်ယူရရှိမှု ရှိ/ မရှိအား စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေးသား၊