သတင်းများ

ဝေါမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် ဆီထွက်သီးနှံ(၆၀၁၅)ဧက အောင်မြင်စွာ စိုက်ပျိုးထားလျက်ရှိ
Mar 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စာသုံးဆီဖူလုံရေးအတွက် ဆီထွက်နေကြာအပါ အဝင်မြို့နယ်အတွင်း ဆီထွက်သီးနှံ(၆၀၁၅) ဧက အောင်မြင်စွာစိုက်ပျိုးထားကြောင်း သိရသည်။
မုံရွာမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၄၀၁)ဦး ကွင်းဆင်း‌ ဆောင်ရွက်ပြီးစီး
Mar 04,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး ဦးဇော်မင်းနိုင်၏ အနီးကပ်ကြီးကြပ်ကာ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးကို အထူးအလေးထား၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့အရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၄၀၁)ဦးကို ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။
မင်းကင်းမြို့တွင် ဓမ္မရောင်ခြည်ဓမ္မဒါန ဖောင်ဒေးရှင်း စာကြည့်တိုက်ဖွင့်ပွဲကျင်းပ
Mar 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ရှမ်းတောကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာ ဓမ္မရောင်ခြည်ဓမ္မဒါန ဖောင်ဒေးရှင်း စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ အရပ်ရပ်အခွင့်အရေးလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များ စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချ
Mar 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေး လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များကို ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ က အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ အ.လ.က(ခွဲ) မြို့တွင်းကြီးကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Mar 04,2022
မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူများဖြစ်စေရန်နှင့် စာသင်ကျောင်းအနီးအနားတွင် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀:၃၀ နာရီက ပဲခူးမြို့ အ.လ.က(ခွဲ) မြို့တွင်းကြီးကျောင်းခန်းမ၌ ဟောပြောဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပိုင်ကျုံမြို့ ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ပြည်သူ များအား ကာကွယ်ဆေးထိုးနှံရေးအတွက် လှိုင်းဘွဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပိုင်ကျုံမြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား ယမန်နေ့ကတွေ့ဆုံ ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Mar 04,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ဘောဂလိမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပေးခြင်း ဆောင်ရွက်
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိ ပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော် ခဲ့ကြသည်။