သတင်းများ

နွားထိုးကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်
Mar 04,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်
ကျောက်ဖြူမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း ၂၀၀၀၀ ကို ဇွန်လတွင် အခမဲ့ဖြန့်ဝေ ပေးမည်
Mar 04,2022
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ကျောက်ဖြူမြို့နယ် သစ်တော ဦးစီးဌာနရုံးဝင်းရှိ မြို့မ-ယာယီပျိုး ဥယျာဉ်တွင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း (၂၀၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင် ထားရှိကြောင်းနှင့် လာမည့် မိုးရာသီဇွန်လတွင် မြို့နယ် အတွင်း စိုက်ပျိုးနိုင်ရေး အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူပညာရေး ဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ်(၇/၂၀)၏ သင်တန်းဆင်း လက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများပေးအပ်
Mar 04,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း အမှတ်စဉ်(၇/၂၀)၏ သင်တန်းဆင်း လက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီ ၁၅ မိနစ်အချိန်က အဆိုပါဒီဂရီကောလိပ်၊ မဟာသရေစည်သူ ဦးဘခန်းမ၌ ကျင်းပသည်။
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Mar 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် (Omicron) ကူးစက်ပျံ့ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို‌ ယနေ့နံနက် ၉ နာရီက မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုဲ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မြောင်းမြပညာရေးဒီဂရီကောလိပ်လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၇/၂၀၂၀)သင်တန်းဆင်းပွဲ တက်ရောက်
Mar 04,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်(၈)နာရီက မြောင်းမြမြို့နယ် ပညာရေး ဒီဂရီကောလိပ်၊ ပညာသီရိခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၇/၂၀၂၀) သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်
Mar 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် များ ထပ်မံတွေ့ရှိနေခြင်းကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးဆောင်ရွက်လျက်ရှိ
Mar 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့ဝင်/ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအတွက် မြို့နယ်အတွင်း ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်များ၊ ခရီးသွားပြည်သူများအား ယနေ့နံနက် (၆)နာရီမှစ၍ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့များက စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
မြောင်းမြစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ဆဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲကျင်းပ
Mar 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။