သတင်းများ

ဝါးခယ်မမြို့နယ် စစ်ချောင်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Mar 05,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က ‌‌စစ်ချောင်းကျေးရွာရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၇/၂၀၂၀) သင်တန်းဆင်းပွဲ တက်ရောက်
Mar 05,2022
မွန်ပြည်နယ်တွင် ပညာရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်စေရေး၊ အရည်အချင်း ပြည့်၀သော ကျောင်း သား၊ကျောင်သူများ ပေါ်ထွန်းလာစေရေးအတွက် မတ် ၄  နံနက်ပိုင်းက မော်လမြိုင် ပညာရေး ဒီဂရီကောလိပ်၊  ပညာညီလာခန်းမတွင် ၂၀၂၁-၂၀၂၂   ပညာသင်နှစ် လုပ်ငန်းခွင်အကြို  မူလတန်း ဆရာအတတ်ပညာသင်တန်း   အမှတ်စဉ်   (၇/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။ 
ပွင့်ဖြူမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေးနှိုးဆော်
Mar 05,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး တိုက်တွန်းနှိုးဆော်ခြင်းကို မတ် ၄ ရက်၊ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်း ပျောက်ကွယ်နိုင်သည့်အခြေအနေဖြင့်ရင် ဆိုင်နေရ
Mar 05,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ‌ညောင်ဦးမြို့၊ပုဂံမြို့ရှိ မြင်မြီးဖြင့်ပြုလုပ်သည့် (ရက်လုပ်) ယွန်းထည်လုပ်ငန်း ပျောက်ကွယ်နိုင်သည့်အခြေအနေဖြင့်ရင်ဆိုင်နေရကြောင်း ပုဂံမြို့ မြင်းကပါ ကျေးရွာ ယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးဝင်းမင်းထွန်းထံကသိရသည်။
ဗန်းမော်ခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Mar 05,2022
ဗန်းမော်ခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရွှေကူမြို့ မြို့မစည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Mar 05,2022
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကချင်ပြည်နယ်၊ ဗန်း မော်ခရိုင်၊ ရွှေကူမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့မ စည်ပင်သာယာစျေးအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၂၈၄၂)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီး
Mar 05,2022
မကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများအား သတ်မှတ်စုရပ် (၁၇)​နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံခြင်းကို ​ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၈၄၂)ဦးကို ကာကွယ်‎​ဆေး ထိုးနှံပြီးစီး​ကြောင်း သိရသည်။
ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာ၌ မီးလောင်မှုကြောင့် ဆုံးရှုံးသွားသော မီးဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာရှိ မီးလောင်ပြင်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။