သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေး
Mar 05,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဆွေးနွေးခြင်း ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Mar 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူများအား ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြသည်။
တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ
Mar 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာ စျေးများတွင် ညအချိန်များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများ မရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယမန်နေ့ ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေး အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Mar 05,2022
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက် ၊ ရုပ်ရှင်ရုံလမ်း၌ ယမန်နေ့ ညနေ ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ သီးသန့်လူနာဆောင်(အသစ်) ဆောက်လုပ်မှု ၇၅ ရာခိုင်နှုန်းပြီးစီး
Mar 05,2022
ကိုဗစ်-၁၉ လူနာများအပါအဝင် အခြားလူနာများဆေးကုသခံယူမှု အဆင်ပြေစေရေးအတွက် မွန်ပြည်နယ်မုဒုံမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း၌ သီးသန့်လူနာဆောင်(အသစ်) တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း ဆောက်လုပ်ရေး တာဝန်ခံက ပြောသည်။
သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Mar 05,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ် ရပ်ကွက်နှင့်‌ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက် မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ ရှုခင်းသာ(၂)ကျေးရွာ၌ နေအိမ်(၅)လုံးမီးလောင်ကျွမ်းမှုဖြစ်ပွား
Mar 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ (၂)ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က နေအိမ်(၅)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ငဖဲမြို့နယ် ရင်းရှည်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 05,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းနှင့် သက်ငယ်မုဒိမ်းပပျောက်ရေးဆိုင်ရာ အသိပညာ ပေး ဟောပြောပွဲကို ယမန်နေ့က ငဖဲမြို့နယ် ရင်းရှည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။