သတင်းများ

မင်းဘူးမြို့၌ မြန်မာနိုင်ငံကြက်ကြေနီအသင်းမှ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဖွင့်လှစ်
Mar 04,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ် (၂) ရပ်ကွက် ခရိုင်ကြက်ခြေနီတပ်ဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အသက်(၁၂)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံ
Mar 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် (၂၈-၂-၂၀၂၂) ရက်နေ့တွင် အသက်(၁၂)နှစ် ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် (Grade-6) ကျောင်းသား/ကျောင်းသူ (၁၁)ဦးအား သက်ဆိုင်ရာမြို့နယ်ပညာရေးဌာန အစီအစဉ်ဖြင့် စာရင်းပြုစု၍ ယနေ့ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ကာကွယ်‌ဆေးထိုးစုရပ်တွင် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေး
Mar 04,2022
ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြို့ကြက်ခြေနီအသင်းခွဲရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ
Mar 04,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက် (၉)နာရီမှ ညနေ(၄) နာရီ ထိ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီး သိမ်တော်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်း စကားသံအချို့ကို ဖော်ပြလိုက်ရပါသည်။
စမုံစပါးပင် စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိ
Mar 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှာ ယခုအခါ ဈေးကွက် ဝယ်လိုအားရှိသည့် (စမုံမျိုး) စမုံစပါးပင်များ စိုက်ပျိုးလုပ်ကိုင် လျက်ရှိ‌ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Mar 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မတ်(၄) ရက် နံနက်(၉)နာရီခွဲက ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ်အတွင်းရှိ တရားဝင် စက်သုံးဆီအရောင်းဆိုင်များနှင့် ရွှေဆိုင်လုပ်ငန်းရှင်များမှ ပုသိမ်မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း
Mar 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ စုပေါင်းရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည့် စက်သုံးဆီအရောင်းဆိုင်များနှင့် ရွှေဆိုင်လုပ်ငန်းရှင်များမှ ပုသိမ်မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် သုံးစွဲရန်အတွက် အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းအချိန်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပုသိမ်မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။