မင်းကင်း မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ရှမ်းတောကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာ ဓမ္မရောင်ခြည်ဓမ္မဒါန ဖောင်ဒေးရှင်း စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ ဓမ္မကျောင်းတော်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်ထူးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရေး ဆရာအဖွဲ့ဝင် မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်သဏ်းက "လူငယ်နှင့်စာပေ" ခေါင်းစဉ်ဖြင့် ဟောပြောပြီး စာရေးဆရာဇေယျထင်(မင်းကင်း)က ကလျာဏမိတ္တစာပေ စကားဝိုင်းအဖွဲ့ အတွင်းရေးမှူးက "လူငယ်တွေကို ရွှေချပါ" ခေါင်းစဉ်ဖြင့် ဟောပြော၍ ပဠာန်းအဖွဲ့ဖြစ်မြောက်ရေး အကျိုးတော်ဆောင် ဆရာကြီးဦးအောင်ဝင်း (ပညာရေး/ငြိမ်း)က "လူငယ်များ စာဖတ်စေရေး" အားပေးတိုက်တွန်းစကားပြောကြားရာ ရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားသို့ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှငွေ(မင်းကင်းပြန်/ဆက်)