မုံရွာ မတ် ၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး ဦးဇော်မင်းနိုင်၏ အနီးကပ်ကြီးကြပ်ကာ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးကို အထူးအလေးထား၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့အရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၄၀၁)ဦးကို ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။
မုံရွာမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လျားထားဦးရေ (၉၈၃၃)ဦးအနက် ယနေ့အချိန်အထိ အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၆၇၅) ဦးနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား(၄၇၂၆)ဦး စုစုပေါင်းပြည်သူ (၇၄၀၁) ဦး ဆောင်ရွက်နိုင်ခဲ့၍ (၇၅)ရာခိုင်နှုန်းကျော် ပြီးစီးပါကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လာရောက်ပြုလုပ်ကြသည့် ပြည်သူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးရပိုင်ခွင့်ရှိသည့် နိုင်ငံသားအခွင့်အရေးများ အပြည့်အဝရရှိနိုင်သည့် အထောက် အထား တစ်ခုဖြစ်သည်ကို ပြည်သူအားလုံးသိရှိနားလည်ကြသည့်အတွက် လူမှုဘဝဆောင်ရွက်မှုတိုင်း၌ အရေးကြီး၊ အရေးပါသည့် နိုင်ငံသား ဖြစ်မှု အထောက်အထားတစ်ခုကို နိုင်ငံသားတိုင်း ရရှိကိုင်ဆောင်နိုင်ဖို့ကို နိုင်ငံတော်အစိုးရက ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏ အနာဂတ် အကျိုးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်းနှင့် မိမိဌာနမှ ပြည်သူများအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ပါတယ်ဟု မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆန်းမင်းအောင်က ပြောကြားသည်။
ခရိုင်(ပြန်/ဆက်)