တာချီလိတ် မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေး လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များကို ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ က အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စည်ပင်သာယာရေးဌာန(ကျိုင်းတုံ)မှ ဒုတိယအင်ဂျင်နီယာမှူး ဦးညီညီသန့်နှင့် တာချီလိတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်တို့က အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးခွန်ဇော်ဦးက လေလံစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် ၂၈ ခုနှင့် သားသတ်လုပ်ငန်းလိုင်စင် ၂၁ ခု တို့အား စျေးပြိုင် စနစ်ဖြင့် စတင်ရောင်းချခဲ့ရာ အရပ်ရပ်လုပ်ငန်းလိုင်စင် ၂၁ ခု နှင့် သားသတ်လုပ်ငန်း လိုင်စင် ၂၁ ခုတို့အား ရောင်းချနိုင် ခဲ့ပြီး ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် ၇ ခုကို ဒုတိယအကြိမ် လေလံစနစ်ဖြင့် ထပ်မံရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဌာနမှ သိရသည်။
ယာဆေး (ပြန်/ဆက်)