မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မုံရွာ မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ မုံရွာမြို့နယ်  ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်  ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးလှဝင်းအောင်က ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုနှင့် ဆေးထိုးနှံခြင်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လူအများနှင့် ကျင်းပပြုလုပ်ရသည့် အခမ်းအနားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာ ပြုလုပ်လိုပါကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်နှင့် ကာကွယ် ထိန်းချုပ်မှုများကိုလည်း တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကာ အသိတရားဖြင့် စတုတ္တလိူင်းတွင် ဖြစ်ပေါ်နေသော အိုမီခရွန် ရောဂါအား အားလုံးပူးပေါင်း တွန်းလှန်တိုက် ဖျက်သွားကြရန် ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် မြိူ့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့် ဆေးရုံဆင်းမှု၊ သတ်မှတ် လျာထားချက် ပြည့်မီအောင်ကာ ကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ အောက်ဆီဂျင် ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက် နေရာများတွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ Quarantin Center နှင့် Positive Center ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်သူများအသိနှင့် သတိရှိရေးအတွက် အသိပညာပေးရေးနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကူးစက်မှု လျော့ချရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)