လွိုင်လင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Mar 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် အတွင်း၌ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လတာ ကာလအတွင်း ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို လွိုင်လင်ခရိုင် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များမှ ယနေ့နံနက်(၁၀)နာရီက လုပ်ငန်းတည်ရှိရာ နေရာများသို့ ကွင်းဆင်းစစ်ဆေးကြသည်။