ဝေါမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် ဆီထွက်သီးနှံ(၆၀၁၅)ဧက အောင်မြင်စွာ စိုက်ပျိုးထားလျက်ရှိ

ဝေါ မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စာသုံးဆီဖူလုံရေးအတွက် ဆီထွက်နေကြာအပါ အဝင်မြို့နယ်အတွင်း ဆီထွက်သီးနှံ(၆၀၁၅) ဧက အောင်မြင်စွာစိုက်ပျိုးထားကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးထားရှိမှုတွင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာအနေဖြင့် ပဲမျိုးစုံစိုက်ခင်းအတွင် သီးညှပ်ဧက(၇၀၀)၊ နေကြာသီးသန့်အနေဖြင့် (၁၅)ဧကနှင့် မြေပဲကို(၅၃၀၀)ဧက စိုက်ပျိုးထားပြီး၊ နေကြာစိုက်ပျိုးမှုအနေဖြင့် သီးသန့်နေကြာ(၁၅)ဧကတွင် ဆောင်သီးနှံ(၁၀)ဧကနှင့် ရေသွင်းစိုက်ပျိုးနည်းဖြင့် (၅)ဧကစိုက်ပျိုးထားကြောင်း သိရသည်။

ဝေါမြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးထားမှုနှင့်ပတ်သက်၍ ကျွန်တော်တို့မြို့နယ်အနေနဲ့ မြေပဲကတော့ ယခင်နှစ်တွေကလိုဘဲ ပုံမှန်ဧကအတိုင်းစိုက်ပျိုးထားပြီး၊ ယခုနှစ်မှာတော့ ဆီထွက်နေကြာပါစိုက်ပျိုးထားပါတယ်။ နေကြာစိုက်တာကတော့ ပဲမျိုးစုံစိုက်ခင်းအတွင်းမှာ သီးညှပ်အနေနဲ့ ဧက(၇၀၀)နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့  ကြီးကြပ်မှုနဲ့ကတော့ (၁၅)ဧက သီးသန့်စိုက်ပျိုးထားတာပါ အဲ့လို(၁၅)ဧကမှာ ရေသွင်းစိုက်ပျိုးနည်းနဲ့ (၅)ဧကအပါအဝင် အားလုံးအောင်မြင်စွာ စိုက်ပျိုးနိုင်ပြီး၊ မြေပဲစိုက်တောင်သူတွေကတော့ စတင်ပြီးနှုတ်နေသလို၊ နောက်(၅) ရက်လောက်ဆိုရင် နေကြာကိုလည်း ခူးယူနိုင်တော့မှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအောင်မိုးလွင်က ပြောသည်။

စိုးမိုး(ပြန်/ဆက်)