သတင်းများ

ြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်း ပျောက်ကွယ်နိုင်သည့်အခြေအနေဖြင့်ရင် ဆိုင်နေရ
Mar 05,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ‌ညောင်ဦးမြို့၊ပုဂံမြို့ရှိ မြင်မြီးဖြင့်ပြုလုပ်သည့် (ရက်လုပ်) ယွန်းထည်လုပ်ငန်း ပျောက်ကွယ်နိုင်သည့်အခြေအနေဖြင့်ရင်ဆိုင်နေရကြောင်း ပုဂံမြို့ မြင်းကပါ ကျေးရွာ ယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးဝင်းမင်းထွန်းထံကသိရသည်။
ဗန်းမော်ခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Mar 05,2022
ဗန်းမော်ခရိုင်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရွှေကူမြို့ မြို့မစည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Mar 05,2022
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကချင်ပြည်နယ်၊ ဗန်း မော်ခရိုင်၊ ရွှေကူမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့မ စည်ပင်သာယာစျေးအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၂၈၄၂)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီး
Mar 05,2022
မကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူလေးများအား သတ်မှတ်စုရပ် (၁၇)​နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံခြင်းကို ​ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၈၄၂)ဦးကို ကာကွယ်‎​ဆေး ထိုးနှံပြီးစီး​ကြောင်း သိရသည်။
ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာ၌ မီးလောင်မှုကြောင့် ဆုံးရှုံးသွားသော မီးဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာရှိ မီးလောင်ပြင်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး
Mar 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအားလှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉း၀၀) နာရီအချိန်တွင် ရပ်ကွက်(၁၆)ရပ်ကွက်ရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covidshield)ထိုးနှံသူ
ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Mar 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ရပ်ကွက်အလိုက် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်ခန့်က ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ပြည်သူများအား ရပ်ကွက်ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် လူစည်ကားရာ နေရာများ၌ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေး
Mar 05,2022
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိူးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်မှုနှုန်း လျော့ချရေးတို့အတွက် မြို့နယ်မြေစာရင်း ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ လမ်းသွား လမ်းလာ ပြည်သူများအနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသည့် သူများအား နှာခေါင်းစည်း mask တပ်ဆင်ရေး အသိပညာပေး၍ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို မတ်လ ၄ရက် နံနက်၈နာရီမှ စတင်ကာ မြို့အဝင် စက်လမ်းဝ၌ စုပေါင်းဆောင်ရွက်ခဲ့သည်။