သရက်မြို့၌ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က မဟာသင်္ကြန်ရေကစားမဏ္ဍပ်ကို မင်းတုန်းလမ်းရှိ အမှတ်(၁) အ-ထ-က ကျောင်းရှေ့တွင် ဆောက်လုပ်မည်ဖြစ်ပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍