ညောင်ဦး မတ် ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန်က စတင် ပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်ကာကွယ်ဆေးအား ထိုးနှံပြီး/မပြီး နှင့်ဆေးထိုးပြီးကြောင်း သက်သေ ခံလက်မှတ်များ ရှိ/မရှိတို့ကိုစစ်ဆေး ဆောင်ရွက်လျက်ရှိကြရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအားမြို့အဝင်အ ထွက်ဂိတ်တွင်ချက်ခြင်း ထိုးနှံဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဌာနဆိုင် ရာများနှင့်ရပ်ကွက် အုပ်ချုပ် ရေးမှူးများ ပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ကာ ကွယ်ဆေးထိုးနှံရာ၌ မကျန်ရှိစေရေး မြို့နယ်အတွင်းရှိ ပြည်သူများကို စည်းရုံး ပြီး ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး စစ်ဆေးကြီးကြပ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုထိန်၊KPD