သတင်းများ

မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာ၌  ကျေးရွာတွင်းမြေသားလမ်းမှ ကွန်ကရစ်လမ်းသို့ ကိုယ်ထူကိုယ်ထ အဆင့်မြှင့်တင်
Mar 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်၊ နားမွန်းကျေးရွာတွင် ကျေးရွာကိုယ်ထူ ကိုယ်ထ   ကွန်ကရစ်လမ်းခင်းခြင်းကို   ကျေးရွာနေပြည်သူများ အလှူငွေနှင့် လုပ်အားစုပေါင်းပြီး ယနေ့နံနက် ပိုင်းကစ၍  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   
ပြည်တက္ကသိုလ်၌ ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပ
Mar 24,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ ယနေ့နံနက် ၁၀ နာရီက ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
သီပေါမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား အချင်အတွယ်၊ ဈေးနှုန်း မှန်ကန်ရေး၊ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းနှင့် တရားဝင်လုပ်ငန်း လိုင်စင်ရယူ၍ ဆောင်ရွက်ခြင်းရှိ၊မရှိကို ယနေ့နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း အဖွဲ့တို့မှ ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ လူငယ်ရေးရာသိပညာပေး Talk Show ပြုလုပ်
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန် ကလူငယ်ရေးရာအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
"လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ သန်လျင်၌ ကျင်းပ
Mar 24,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍" လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။
မင်းလှမြို့၌ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခြင်း သင်တန်းဖွင့်လှစ်
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာပြည်သစ်တောများ ပြန်လည် ထူထောင်ရေး (MRRP) အထောက်အကူပြု ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း သင်တန်းအမှတ်စဉ်(၃)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက မင်းလှမြို့ရုံးရပ် တောင်ရပ်ကွက်၊ လယ်ပြင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
မိုင်းရှူးမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်
Mar 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန က ထောက်ပံ့သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေကို ယနေ့မှစ၍ ရပ် ကွက်/ ကျေးရွာအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်းအန္တရာယ်ဘေး ကင်းစင်လာပြီဖြစ်ရာ ရုံးဌာနများ အလိုက် ရုံးပတ်ဝန်းကျင်များ သန့်ရှင်းစေရေးပြုလုပ်ဆောင်ရွက်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မုန်တိုင်းအင်အားလျော့နည်းလာပြီး မုန်တိုင်းဘေးမှ ကင်းစင်လာပြီဖြစ်ရာ  ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ ရုံးအနီးပတ်ဝန်းကျင်၌ ယမန်နေ့များက မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ လေပြင်းတိုက်ခတ်မှုကြောင့် ရုံးခြံဝန်းများအတွင်း သစ်ရွက်များကြွေကျခြင်း၊ သစ်ကိုင်း သစ်ခက်များ ကျနေခြင်းများရှိရာ ယနေ့နံနက်(၉:၀၀) နာရီအချိန်က သန့်ရှင်းရေး ပြုလုပ်ခြင်းများကို မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရုံးဌာနများအလိုက် သန့်ရှင်းရေးများ ပြုလုပ် ဆောင်ရွက် ခဲ့ကြသည်။