နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၂)နှစ် အထက် ပြည်သူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံ

နောင်ချို မတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသေးသည့် အသက်( ၁၂) နှစ်အထက်ပြည်သူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား နောင်ချိုမြို့  မဏိရတနာ ခန်းမ၌ ယမန်နေ့ နံနက် :၀၀နာရီမှစတင်၍ ကိုဗစ်-၁၉ရောဂါ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၂)နှစ် အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက် မိခင်များ၊နာတာရှည်ရောဂါခံစားနေရသူများအား ပထမအကြိမ် ကာကွယ် ဆေးနှင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ၊၂၀၂၀-၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် ကာကွယ် ဆေးထိုးနှံပြီး သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း ၊နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက်  စုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

ထွေးငယ်