ကြံခင်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးနှင့်ဝန်ထမ်းများက ၂၀၂၂ ခုနှစ်မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ပြီး (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ်မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၉၇၄)ခုနှစ် ဇွန်လဆန်း၌ ဗမာ့နိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်း ကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၂၇-၃-၂၀၂၁)ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ "ကာကွယ်စောင့်ရှောက်သွားမည်သာ" ဆောင်းပါး၊ "တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်"၊ "အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ"၊ "တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" ဆောင်ပုဒ်များနှင့် (၂၇-၃-၂၀၂၁)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ စိုးမိုး(ပုသိမ်) ရေးသားသော "နွေအလှ"ကဗျာ စသည့်အချက်များပါဝင်သော လက်ကမ်းစာစောင်များကို မြိုနယ်ဦးစီးမှုး ဒေါ်လှိုင်ပို့ပို့ဇင်နှင့် ဝန်ထမ်းများက မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် လူစည်ကားရာ နေရာများတွင် ပြည်သူများလက်ဝယ်သို့ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ စောင်ရေ (၁၀၀၀၀၀)ပုံနှိပ် ထုတ်ဝေပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ခရိုင်များနှင့် မြို့နယ်၊ မြို့နယ်ခွဲရုံးများသို့ ပေးပို့ကာ ပြည်သူများ လက်ဝယ်အရောက် (အခမဲ့) ဆက်လက်ဖြန့်ဝေပေးကြကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်)