ဇမ္ဗူသီရိမြို့နယ်ရုံးတွင် “လူငယ်နှင့်အားကစား အသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁) နာရီက “လူငယ်နှင့်အားကစား အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နီလာစိုးက “လူငယ်နှင့် အားကစား အသိပညာပေး”  Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး ဇမ္ဗူသီရိမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နှင်းမမဦးက လူငယ်နှင့်အားကစားသည် အရေးကြီးတဲ့ ကဏ္ဍတစ်ခုအဖြစ် တည်ရှိနေကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် လူငယ်တွေအတွက် အားကစားနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှု အခြေအနေများ၊ ယခုနှစ်နွေရာသီတွင် ဖွင့်လှစ်မည့်အားကစားသင်တန်းများ၊ အားကစားဖြင့် လူငယ်များ ထူးချွန်လာအောင် လေ့ကျင့်ပြုစုပျိုးထောင်ပေးနေမှုအခြေအနေများ၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း အကြောင်း သိကောင်းစရာများအား ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)