နမ့်ဆန် မတ် ၂၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကိုယ်လက် လှုပ်ရှားအားကစား အစီအစဉ်အဖြစ် အားကစားအကများကို ပညာရေး ဌာနနှင့် ပူးပေါင်း၍ Online မှထုတ်လွှင့်ရန် ရိုက်ကူးခဲ့ပါသည်။
အဆိုပါ ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့် အားကစားအကများသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်သည့် ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ စိတ်အပန်းပြေ စေရန်၊ လူငယ်လူရွယ်များ၊ သက်ကြီးကျန်းမာရေးလေ့လာလိုက်စားသူများနှင့် မိမိတို့နေအိမ်၌ ကိုယ်လက်လှုပ်ရှား အားကစား များကို လိုက်ပါဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး နမ့်ဆန်ဒေသအဆင့်ရုံးမှ ဖွင့်လှစ်ထားသော We Love Namhsan Page တွင် Online မှတစ်ဆင့် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)