ကံမမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 24,2022
မကွေးတိုင်းဒေသကြီး ကံမမြို့ အခြေခံပညာ အထက်တန်းကျောင်း (ကံမ) ၏ မြဝတီခန်းမ၌ ယမန့်နေ့ မွန်းတည့် ၁၂ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ကျင်းပခဲ့ရာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့သည်။