ကံမ မတ် ၂၄
မကွေးတိုင်းဒေသကြီး ကံမမြို့ အခြေခံပညာ အထက်တန်းကျောင်း (ကံမ) ၏ မြဝတီခန်းမ၌ ယမန့်နေ့ မွန်းတည့် ၁၂ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ကျင်းပခဲ့ရာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပညာရေးဌာနမှ စာရိတ္တကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားစိတ်ဓါတ် မြင့်မားရေးခေါင်းစဉ် ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စိတ်ဓါတ်ကောင်းများ ပေါ်ထွန်းရေးနှင့် တိုင်းပြည်ချစ်စိတ်ရှိရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စိုးမိုးခိုင်က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)