သတင်းများ

ပင်လုံမြို့ အထက(၂)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ၂၃.၃.၂၀၂၂ ရက်နေ့မွန်လွဲ ၁:၀၀နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
(၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြိုဆွေးနွေးပွဲ (Talk Show)ကျင်းပ
Mar 24,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရပ်ကွက်များအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး သွားရောက်ထိုးနှံပေး
Mar 24,2022
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျ စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ (Covishield) ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ၇ ရပ်ကွက်ဒေသန္တရ ကျန်းမာရေးဌာနနှင့် လေးထောင့်ကန် ဆေးထိုး စုရပ်(၂)နေရာခွဲ၍ ရပ်ကွက်နေပြည်သူများထံ သွားရောက် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာအုပ်စုနှင့် ပန်းမော်ကျေးရွာအုပ်စုတို့၌ လေပြင်းတိုက်ခတ်မှု ကြောင့် လူနေအိမ်နှင့် စာသင်ကျောင်း၊ ဆေးပေးခန်းအချို့ အမိုးလန်၊ ပြိုကျပျက်စီး
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာအုပ်စုနှင့် ပန်းမော် ကျေးရွာအုပ်စုတို့၌ ယမန်နေ့ညနေပိုင်းကလေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်နှင့်စာသင်ကျောင်း၊ဆေးပေး ခန်းအချို့အမိုးလန်၊အနည်းငယ်ပြိုကျပျက်စီးခဲ့ကြောင်းမြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာကြီးကြပ်ကွပ် ကဲရေးရုံးမှသိရသည်။
မိုင်းပျဉ်းအထက၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ရှင်သန်ရေး ဟောပြောပွဲ ဆောင်ရွက်
Mar 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ရှင်သန်ရေး ဟောပြာပွဲကို ၂၀၂၂ခုနှစ် ယမန်နေ့နံနက်(၁၁) နာရီက အထက၊မိုင်းပျဉ်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၀ ဦးဆက်လက်ဝင်ရောက်
Mar 24,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန် နေ့က ၂၀၀ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။