သတင်းများ

ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 24,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လမ်းသွားလမ်းလာပြည်သူများ၊မြို့မဈေးနှင့်ကျောင်းသား/ကျောင်းသူများထံ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် မွေးစအရွယ်မှ အသက်(၁၀)အထိ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက် (၉) နာရီက မွေးစအရွယ်မှအသက်(၁၀)နှင့်အတွင်းကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ် Community Centre အတွင်း ပန်းအလှထိုး သင်တန်းဖွင့်လှစ်
Mar 24,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်တွင် ပန်းအလှထိုးသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်၊ပိတောက်လမ်း‌ပေါ်တွင် Box Culvertတစ်စင်း တည်‌ဆောက်ခြင်း(၁၀၀) ရာခိုင်နှုန်း ပြီးစီး
Mar 24,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှအများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်း မှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ဒေသ‌နေပြည်သူများ သွားလာမှု အဆင်‌ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ်(၂.၄၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ် (၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် Box Culvert တည်‌ဆောက်ခြင်းလုပ်ငန်းကို မတ်လ ၁၂ ရက်‌နေ့မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၃ ရက်နေ့တွင် ရာနှုန်းပြည့် တည်ဆောက်ပြီး ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရပ်ကွက်များအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး သွားရောက်ထိုးနှံပေး
Mar 24,2022
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျ စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်(Covishield) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ၇ရပ်ကွက်ဒေသန္တရ ကျန်းမာရေးဌာနနှင့် လေးထောင့်ကန်ဆေး ထိုးစုရပ်(၂)နေရာခွဲ၍ ရပ်ကွက်နေပြည်သူများထံ သွားရောက်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်း အမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 24,2022
မန္တလေးခရိုင်၊ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ခရိုင်စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာရောက်သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူပြည်သူများအား သက်ဆိုင်ရာဦးစားပေး အစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား COVISHIELD ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်လမ်း ပုညကာရီဓမ္မာရုံနှင့် ကျိုက္ကစံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်ဓမ္မာရုံတို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မြစ်ကြီးနားမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 24,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း  ရွှေသွေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။