တနိုင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တနိုင်း မတ် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆင်ဆာ့မ်ရပ်ကွက်၊ အထက-၂ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် တနိုင်းမြို့နယ်မြို့နယ် ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းမှ ပညာခေါင်းစဉ် ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဝါဦးက လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံ ဦးဇော်ခေါင်က အားကစားနှင့် ကာယပညာအကြောင်းတို့ကို ကျောင်းသား ကျောင်းသူလေးများအား ဟောပြောပေးခဲ့ကြောင်းနှင့် ဟောပြောပွဲကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခင်းကျင်းပြသထားသည့် စာအုပ်များ ဖတ်ရှုခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်း စဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)