တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင်‌ ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီကြီး၏ ၁၁၉၂နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းသပိတ်‌ လောင်းလှူပွဲကျင်းပ

တောင်တွင်းကြီး မတ် ၂၄

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ဂုဏ်ဆောင် ရှေးဟောင်းသမိုင်းဝင် ဇေယျမဂ်လာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၁၉၂ပြည့် ဗုဒ္ဓပူဇနိယ (တပေါင်း)ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက‌ ရွှေအင်းတောင် စေတီမြတ်ကြီး ၏ ရင်ပြင်တော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တမာနိတ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တစာရိတ္တ၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊‌ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစံသိန်းနှင့် တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်‌တော့၍ ဖွင့်လှစ်ခဲ့ပြီး ဇယ‌န္တောဗောဓိယာ အစရှိသည့် အောင်ဂါထာကို သုံးကြိမ်ရွတ်ဆိုကာ ဖဲကြိုးဖြတ်လှစ်‌ ပေးကြသည်။ ဆက်လက်၍ ဆွမ်းသပိတ် လောင်းလှူပွဲကျင်းပရာ မကွေး တိုင်းဒေသကြီး သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တမာနိတ အမှူးပြုသော မြို့ပေါ်ကျောင်းတိုက် ပေါင်း၅၇တိုက်မှ ဝါဆိုသံဃာတော်အပါး (၃၀၀)ကျော်တို့ အား ဌာနဆိုင်များမြို့‌ ပေါ်(၁၀)ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ စေတနာရှင် ပြည်သူများက ဆွမ်းသပိတ်စသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ တရားနာကြားကာ ရေစက်သွန်ချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

နိုင်ဝင်း