သတင်းများ

မြစ်ကြီးနားမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 24,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း  ရွှေသွေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
လေဘေးသင့် နေအိမ်ပြိုပျက် မိသားစုဝင်များသို့ ကျေးရွာအရောက် သွားရောက်ထောက်ပံ့
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ကမ်းဘေးရှိ ကွင်းလျားကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းကလေပြင်း တိုက်ခတ်၍ နေအိမ်ပြိုပျက်ခဲ့သော အိမ်ထောင်စု(၁)စု၊ မိသားစုဝင်(၅)ဦးအား ငါးသိုင်းချောင်း မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့နယ်သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူ(၁)ဦးနှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့က မွန်းလွဲပိုင်းတွင် အဆိုပါကျေးရွာအရောက် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ အခြေခံပညာအလယ်တန်းအဆင့် စာမေးပွဲ ဖြေဆိုပြီးစီး
Mar 24,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၁၇)ရက်နေ့မှစ၍ စတင် ဖြေဆိုလျက်ရှိရာ ယမန်နေ့ နံနက် ၁၁နာရီအချိန်က သိပ္ပံဘာသာရပ်ကို ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲ အချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
နွားထိုးကြီးမြို့၌ ( ၇၇ )နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 24,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ (၇၇) နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများအား အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ပြင်စလူမြို့၌ မုန်တိုင်းရှောင် ပြည်သူများ မိမိနေရပ်ဒေသ အသီးသီသို့ ပြန်လည်ထွက်ခွာ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ မုန်တိုင်းရှောင် ပြည်သူများ ယမန်နေ့ နံနက် ၇နာရီအချိန်ခန့်မှ စတင်၍ အာစနီမုန်တိုင်း၏ အန္တရာယ်မှ ကင်းဝေးပြီဖြစ်သောကြောင့် မိမိနေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲများဖြေဆိုပြီးစီး
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်း အဆင့်နှစ်ဆုံးစာမေးပွဲများ ဖြေဆိုလျက်ရှိရာ၊ ယမန်နေ့နံနက်ပိုင်းမှစ၍ နံနက်(၁၁)နာရီအချိန်က ဖြေဆို ပြီးစီးခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများသည် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် မြို့နယ် ရေးမှူးရုံး၊ ဌာန ဆိုင်ရာများနှင့် ကျောင်းသားကျောင်းသူများအား သွားရောက်ဖြန့်ဝေခဲ့သည်။