ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုရာနှုန်းပြည့် ပြီးစီး
Mar 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှအများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ်(၃၁.၆၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၂ရက်တွင် လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။