မြို့သစ်မြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

မြို့သစ် မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ စီစဉ်ထုတ်ဝေသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မ စည်ပင်သာယာစျေး၊ ကားဂိတ်၊ လက်ဖက်ရည်ဆိုင်နှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၇) နှစ်မြောက်  တပ်မတော်နေ့အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ အသက်သွေးချွေး စဉ်မနှေးပေးဆပ်သည်မှာ တပ်မတော်ပါ၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ တပ်မတော်၏အစဉ်အလာကောင်း (၁၂) ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ တည့်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်၊ နွေအလှကဗျာ၊ တပ်မတော်နေ့ အထိမ်းအမှတ်ဆောင်ပုဒ်များ ထည့်သွင်းဖော်ပြထားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဒေသခံပြည်သူများ လေ့လာဖတ်ရှုနိုင်ရေး ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)