သတင်းများ

မိုင်းပျဉ်းမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် များကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တပ်နယ်မိသားစုများထံသို့ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရပါသည်။
ဇမ္ဗူသီရိမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးဆရာမ တင်ရီမ (ညောင်ဦး) ရေးသားသည့် “နေဝင်ချိန်တိမ်တောက်သလိုပနှင့် တရားစာစုများ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိ မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပ ခဲ့သည်။
(၇၇) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင်လမ်းပိုင်း၌ RBE ရထားပြေးဆွဲ
Mar 24,2022
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင် လမ်းပိုင်းတွင် RBE ရထား ပြန်လည်ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့နံနက် ပိုင်းက ပြည်တော်သာဘူတာယာဒ်ဝင်း၌ ကျင်းပသည်။
ငပုတောမြို့နယ် ဝက်ဆူ​ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းပျက်စီးဆုံးရှုံးမှုအား ကြည့်ရှုစစ်ဆေး
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဝက်ဆူကျေးရွာအုပ်စု၊ ဝက်ဆူကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း အမိုးလန်ပျက်စီးမှုအခြေနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမြင့်ဆွေ၊ လက်ထောက်ပညာရေးမှူး ဦးနိုင်လင်းတို့က ယနေ့ နံနက်ပိုင်းက သွားရောက်ကြည်ရှုစစ်ဆေးခဲ့ သည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက သုတ/ရသ စာအုပ်များအား ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်မြို့တွင် လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် လူမှုအထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း မအူပင်(တောင်) ရေနံမြေမှ ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လတာ ဘဏ္ဍာရေးနှစ် (Mini Budget) လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် လူမှုအထောက် အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို မတ်လ ၂၂ ရက်နေ့ နံနက်(၁၁)နာရီက မအူပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မုန်တိုင်းအရှိန်ဖြင့် ရွာသွန်းသည့်မိုးကြောင့် ဆည်ပေါက်ချောင်းနှင့် စိတ္ထိန်းချောင်းတို့တွင် ချောင်းရေကျဆင်းသဖြင့် နွေကြက်သွန်စိုက်ခင်းအချို့ ရေမျောပါပျက်စီး
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အာစနီမုန်တိုင်းအရှိန်ဖြင့် မတ်လ(၂၃)ရက်နေ့ နံနက်အစောပိုင်းမှစ၍ ညနေ(၄)နာရီခန့်အထိ သည်းသည်းမဲမဲ မဟုတ်သော်လည်း တစ်နေကုန်ရွာသွန်းခြင်း ဖြစ်သည့်အတွက် ဆည်ပေါက်ချောင်းနှင့်စိတ္ထိန်းချောင်းတို့တွင် ချောင်းရေကျဆင်းမှုကြောင့် ချောင်းမြေဧရိယာအတွင်း စိုက်ပျိုးထားရှိသည့် နွေကြက်သွန်ခင်းအချို့ ပျက်စီးမှုရှိခဲ့ကြောင်း  ဒေသခံတောင်သူများထံမှ သိရသည်။
ကျောက်တော်မြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 24,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်စေရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်း နိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်ပညာရေးဦးစီး ဌာနတို့ပူးပေါင်းပြီး လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ကအ-ထ-က(မြို့မ) ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။