ဒဂုံ မတ်၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၁) နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား ကျောင်းသူများအား သွားရောက်ဖြန့်ဝေခဲ့သည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာ ကောင်း(၁၂)ရပ်၊ မိန့်ခွန်းကောက် နုတ်ချက်များနှင့် ကဗျာများ ထည့်သွင်းဖော်ပြထားပြီး ၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထုတ်ဝေထားခြင်းဖြစ်သည်။
အဆိုပါလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ပြည်သူများ၊ ကျောင်းများ၊ ဌာနဆိုင်ရာများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
မေသန္တာ