ခရိုင်အဆင့်လူငယ်​ရေးရာ အသိပညာ​ပေး​ဟော​ပြောပွဲကို​ မှော်ဘီမြို့နယ်တွင် ကျင်းပ

မှော်ဘီ မတ် ၂၃

ကျောင်းသား၊ကျောင်းသူများအား မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ထက်မြတ်စေရေး၊ အကျင့်စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာ ကြံ့ခိုင်စေရန်ရည်ရွယ်၍ ခရိုင်အဆင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊မှော်ဘီ မြို့နယ်၊ အမှတ်() ခြေခံပညာအထက်တန်းကျောင်း၊ရွှေရတုခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး Dr.သင်းမာလာက စိတ်ဓါတ်ကောင်းများ ဖြစ်ထွန်းရေးနှင့် စည်ကမ်းလိုက်နာရေးအကြောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ်အကြောင်းနှင့် ခရိုင်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန​  ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ယဉ်ဦးခိုင်က စိတ်ဓါတ်မြင့်မားရေးအကြောင်းတို့ကို တက်ရောက်လာကြသည့်ကျောင်းသား၊ကျောင်းသူ (၃၈၁)ဦးတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
 
ဟောပြောပွဲကို ခရိုင်ခြေခံပညာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ခရိုင်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး တက်ရောက်လာကြသည့်ကျောင်းသား၊ သူများကိုလည်း (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်ပြပွဲနှင့် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကိုလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရ သည်။

ဇင်မင်းထိုက်