သတင်းများ

စဉ့်ကိုင်မြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသောမတ်လ(၂၇)ရက်​နေ့၌ ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်) နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ စာငှား၊ စာဖတ်ပရိသတ်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက ဆုံးရှုံးမှုနည်းပါးစေရန်နှင့် အမြန်ဆုံးငြိမ်းသတ်နိုင်ရေး လက်တွေ့သရုပ်ပြ
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုဆိုင်ရာ လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့မရဲစခန်းဝင်း အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၁၆)အုပ်စုအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covidshield (Phase 7 /Second Doses) များ ထိုးနှံပေး
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၁၆)အုပ်စုအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield (Phase 7 /Second Doses) များ ထိုးနှံပေးခြင်းကို မတ်လ ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ယနေ့ နေ့လယ် (၁၂) နာရီခွဲ အချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အမရပူရမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Mar 23,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများ အား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ် (၃) နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးလည်ပတ်မှု ကြီးကြပ်ဆောင်ရွက်
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးမှုအားကောင်းစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား မြို့နယ်အတွင်းရှိ ကျေးရွာ(၁၁၃)ရွာတွင် လည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမစက်ဝန်းအား ဘဲချောင်းကျေးရွာအုပ်စု၊ ဘဲချောင်းကျေးရွာမှ အသင်းသား(၁၅၁)ဦး ငွေကျပ်(၃၈၀)သိန်းအား ထုတ်ချေးလည်ပတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မချမ်းဘော့မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ
Mar 23,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား ယနေ့နံနက် ၁၀:၃၀ နာရီတွင် ပြည်သူလက်၀ယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။