ပင်လုံမြို့ အထက(၂)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပင်လုံ မတ်၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ၂၃.၃.၂၀၂၂ ရက်နေ့မွန်လွဲ ၁:၀၀နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာ အထက(၂)ကျောင်းမှ ဒေါ်သဥ္ဇာလေး (အထက်တန်းပြ)က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ပင်လုံမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစာကြည့်တိုက်လက်ထောက်(၃) ဒေါ်အတာစိုးက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်မိုးမိုးအေး(မြို့နယ်အားကစားမှူး) က ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ နွေရာသီတွင် ဖွင့်လှစ်သင်ကြားပေးမည့် အားကစားသင်တန်းများ အကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့သိုင်းအားကစားသရုပ်ပြခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါ လူငယ်ရေးရာအသိပညာပေးဟော​ပြောပွဲကို ဆောင်ရွက်ရခြင်းမှာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်​ကြောင်းသိရှိရပါသည်။

အတာစိုး(ပင်လုံ)