ဒဂုံအရှေ့ မတ် ၂၄
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျ စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ (Covishield) ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ၇ ရပ်ကွက်ဒေသန္တရ ကျန်းမာရေးဌာနနှင့် လေးထောင့်ကန် ဆေးထိုး စုရပ်(၂)နေရာခွဲ၍ ရပ်ကွက်နေပြည်သူများထံ သွားရောက် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆေးထိုးစုရပ်နေရာ အဖြစ်(၂) နေရာသက်မှတ်၍ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ၇ဒသနေ်တရ ကျန်းမာရေးဌာနတွင်(၂၇)ဦး၊လေးထောင့်ကန် ဆေးထိုးစုရပ်တွင် (၉၉)ဦး စုစုပေါင်း (၁၂၆)ဦး တို့အနက် ထိုးနှံပေးခဲ့ရာ နို့တိုက်မိခင်(၅)ဦး ပါဝင်ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှ ထိုးနှံ ပေးခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများက ကာကွယ်ဆေး လာရောက် ထိုးနှံသူ များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်