မိုင်းပျဉ်းအထက၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ရှင်သန်ရေး ဟောပြောပွဲ ဆောင်ရွက်

မိုင်းပျဉ်း  မတ်   ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ရှင်သန်ရေး ဟောပြာပွဲကို ၂၀၂၂ခုနှစ် ယမန်နေ့နံနက်(၁၁) နာရီက အထက၊မိုင်းပျဉ်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ မိုင်းပျဉ်းမြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးက လူငယ်များ မျိုးချစ်စိတ်ရှိကြဖို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားမှူး ဦးအောင်မျိုးသူက အားကစားအဓိပ္ပါယ်၊ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ကြိုးစားကြ၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်များဖြင့် အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြပါသည်။

ဟောပြာပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား/သူများထံသို့ လက်ဝယ်အရောက် ဖြန့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး