ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာအုပ်စုနှင့် ပန်းမော်ကျေးရွာအုပ်စုတို့၌ လေပြင်းတိုက်ခတ်မှု ကြောင့် လူနေအိမ်နှင့် စာသင်ကျောင်း၊ ဆေးပေးခန်းအချို့ အမိုးလန်၊ ပြိုကျပျက်စီး

ငရုတ်ကောင်း မတ်၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကွင်းဘက်ကျေးရွာအုပ်စုနှင့် ပန်းမော် ကျေးရွာအုပ်စုတို့၌ ယမန်နေ့ညနေပိုင်းကလေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်နှင့်စာသင်ကျောင်း၊ဆေးပေး ခန်းအချို့အမိုးလန်၊အနည်းငယ်ပြိုကျပျက်စီးခဲ့ကြောင်းမြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာကြီးကြပ်ကွပ် ကဲရေးရုံးမှသိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့်ကွင်းဘက်ကျေးရွာအုပ်စု၊ကွင်းဘက်ကျေးရွာရှိတိုက်နယ်ဆေးရုံတွင်သွပ်အမိုးအနည်းငယ်နှင့် မျက်နှာကြပ်ကျောက်ပြား အနည်းငယ်နှင့် ကွင်းဘက်ကျေးရွာကျေး လက်ဆေးပေးခန်း သွပ်အမိုးလန် အနည်းငယ်ပျက်စီးပြီး၊ ကွင်းဘက်ကျေးရွာအုပ်စု၊ သမ္ဘာန်ကျေးရွာ စာသင်ကျောင်း သွပ်အမိုးအနည်းငယ် ပျက်စီးခဲ့သည်။ ပြီးနောက် ပန်းမော်ကျေးရွာအုပ်စု၊ ပန်းမော် ကျေးရွာ နှင့် ပန်းမော်ကျေးရွာအုပ်စု၊ ငန်းချောင်းကျေးရွာတို့ရှိ ဓနိမိုး၊ ထရံကာ လူနေအိမ် (၁၀)လုံးမှာ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စုဝင်တို့အား နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များသို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့ ဝင်များပူးပေါင်း၍​​​​ ပြောင်းရွေ့နေရာချထားပေးခဲ့ကြသည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)