ဗိုလ်တထောင် မတ် ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် စာရေးဆရာမ ညွှန့်ညွှန်(ကလော)၂၀၂၂ခုနှစ်၊မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော် နေ့ ပေါ်ပေါက်လာပုံ ၊တပ်မတော်နေ့ဖြစ်စဉ်၊ တပ်မတော် သမိုင်းအကြောင်းအရာ၊ ယနေ့ခေတ်မြန်မာ့တပ်မတော်ကြီး၏ စီးပွားရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေးကဏ္ဍများ ဆောင်ရွက်နေမှုများအစရှိသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သိန်းသိန်း